အလွမ်းတွေနဲ့ထားရစ်တဲ့ကော်ဖီ
တောင်တန်းတွေပေါ်က မျှော်ကြည့်လိုက်ရင်
ဝင်းဖြာကျနေတဲ့နေရောင်မှာ အနာဂတ်တွေတောက်ပလို....
ကိုယ်ရဲ့နံရိုးလေး အေးများနေမလား...?
အိမ်ပြန်လမ်းဟာ ကြမ်းတမ်းနေလည်း...
လူငယ်တွေဟာ ဘဝနဲ့ရင်း
ကိုယ့်လမ်းကိုယ်လျှောက်
သစ္စာဖောက်တွေကို မြေလှန်မလို
နံနက်ခင်းနဲ့ အလွမ်းတွေကိုရောကြိတ်
ကော်ဖီခွက်ထဲထည့်မွှေရင်း
ကြိတ်မှိတ်မြိုချလိုက်တဲ့စကားသံဟာ
မေမေ...သားအိမ်ပြန်ချင်တယ်
ခဲဖျက်ရေ မင်းသီဖွဲခဲ့ မင်းကဗျာတွေ
ငါတိုနှလုံးသားထဲမှာတော့ မင်းရောထားခဲ့တဲ့အလွမ်းတွေဟာ ခါးသက်လို
မေမေ...သားအိမ်ပြန်ချင်တယ်တဲ့လား
ရဲဘော်
အိမ်ကိုပြန်ရောက်စေဖို တောင်းဆုတွေ ငါတိုမပြည့်ခဲ့ဘူး
မင်းရင်ထဲမှာ မင်းနေခိုင်းချင်တဲ့ ကြယ်လေးတွေနဲ့အတူ
ငါတိုရဲ့ကောင်းကင်မှာ မင်းလင်းလက်နေရောပေါ့...
ခဲဖျက်ရေ...
ဖျက်ပစ်လိုက်ချင်စမ်းရဲ့ မှားယွင်းတဲ့ စနစ်ဆိုးကြီးရဲ့ အတ္တတွေကို....
ကမ္ဘာမကြေဘူး ဆိုတဲ့ အက်ရှရှ စကားသံ မင်းလဲ ကြွေးကြော်နေလောက်မယ် ထင်ရဲ့...
မင်းဖွဲသီတဲ့ မင်းကဗျာမှာ
"ခဲဖျက်ရေ...ဘာလိုသေးလဲ" တဲ့
ငါတို ပြင်စမ်းချင်တယ် ရေရွတ်ချင်တယ်ကွာ...
"ခဲဖျက်ရေ..ငါတိုမင်းကိုလိုတယ်
မင်းကိုလိုအပ်တယ်"
ကြွေနှင့်ဦးတော့ ရဲဘော်ရေ..
လမ်းခရီး တဝက်တပြက်
မင်း လွင့်ကြွေခဲ့မှတော့...
ကောင်းသောအရပ်မှာ အေးချမ်းစွာလင်းလက်ပါစေ ရဲဘော်ရေ...
မင်းထားရစ်တဲ့
အလွမ်းတွေနဲ့ကော်ဖီတခွက်
ဝအောင်ငိုရင်း...ငါတိုမြိုချမိလိုက်ရဲ့
ငိုပြီးတဲ့နောက်...
ငါတိုဆက်တိုက်ကြမယ်
ငါတို...ဆက်တိုက်ရမယ်
မင်းတစ်ယောက်စာပါ ပိုတိုက်ရမယ်
ရဲဘော်ရေ.....တကယ်တမ်းတော့
ငါတိုလည်း ကမ္ဘာမကြေနိုင်ဘူး..
Z Writer - နွေအိပ်မက်
